နယူးဒေလီ   ၁၂  စက်တင်ဘာ

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၄ ဒသမ ၅ သန်း ကျော်လွန်သွားပြီဟု သိရသည်။ ကူးစက်ခံရသူပေါင်း ၄၅၆၂၄၁၄ ဦးရှိပြီး သေဆုံးသူ ၇၆၂၇၁ ဦးရှိသည်ဟု စက်တင်ဘာ ၁၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

စက်တင်ဘာ ၁၀ ရက်မှစတင်ကာ နောက်ထပ်ကူးစက်ခံရသူ ၉၆၅၅၁ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၂၀၉ ဦး တိုးလာခဲ့သည်။

 

ယင်းပမာဏမှာ တိုင်းပြည်အတွင်း ကိုဗစ်-၁၉ တစ်နေ့တာကူးစက်မှုတွင် အမြင့်ဆုံးပမာဏလည်းဖြစ်သည်။ လက်ရှိရောဂါကုသမှုခံယူနေသူ ၉၄၃၄၈၀ ရှိပြီး ၃၅၄၂၆၆၃ ဦးမှာ ပြန်လည်ကျန်းမာလာပြီဖြစ်သဖြင့် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သည်။

 

စက်တင်ဘာ ၁၀ ရက်အထိ ၅၄၀၉၇၉၇၅ ဦးကို ကိုဗစ် - ၁၉ ကူးစက်ခံထားရခြင်း ရှိ မရှိ စစ်ဆေးပေးခဲ့ပြီးပြီဟု အိန္ဒိယဆေးသုတေသနကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဆင်ဟွာ