နတ်မောက် ၁၂ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာကောင်းမွန်စေရေးအတွက် နတ်မောက်မမြို့နယ် လမ်းဦးစီးဌာနမှ One State One Township စီမံချက်အရ မြို့သန့်ရှင်းသာယာလှပရေး အုတ်ရေမြောင်းတူးဖော်ခြင်း နှင့်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအဝင်လမ်း (၁၈) ပေအကျယ်၊ (၈) လက်မထု၊ (၅၅၅) ပေအရှည် ကွန်ကရစ်လမ်းခင်းခြင်း၊ ရုံးဝန်းအတွင်း ကွန်ကရစ်ကြမ်းခင်း ခင်းခြင်းအတွက် ကုန်ကျငွေ (၃၉ ဒသမ ၇၆) သန်းနှင့် ဗိုလ်ချုပ်အိမ်လမ်း (၂) ပေ အကျယ်၊ (၂)ပေအနက် အုတ်ရေမြောင်းအရှည် (၉၇၁) ပေတည်ဆောက်ခြင်း နှင့် (၁၈) ပေအကျယ်၊ အရှည် (၅၂၈) ပေ ကတ္တရာလမ်း တည်ဆောက်ခြင်း၊ လမ်းသွယ်များတွင် ကွန်ကရစ် Slab တံတား (၂) စင်းတည်ဆောက်ခြင်း၊ အုတ်ရေမြောင်း ကွန်ကရစ်မြောင်းအဖုံး တပ်ဆင်ခြင်းအတွက် ကုန်ကျငွေ (၄၀ ဒသမ ၉၁) သန်းဖြင့် တူးဖော်တည်ဆောက်ခဲ့ကြောင်း နတ်မောက်မြို့နယ် လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာတစ်ဦးထံမှ သိရသည်။
လှဝင်း(နတ်မောက်)


