လှိုင်းဘွဲ ၁၂ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အားကာစားနှင့်ကာယပညာဦးစီးဌာနက Physical Fitness Dance အား Online မှတစ်ဆင့် တင်ဆက်ခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး နှင် Myanmar Fitness Dance အဖွဲ့က Myanmar Fitness Dance (MFD)ကို Online မှတစ်ဆင့် အပတ်စဉ် သောကြာနေ့တိုင်း ပြည်သူ့စာကြည့်တိုက်တွင် တင်ဆက်ပေးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသော မိဘပြည်သူများ၊ ကျန်မာရေး လိုက်စားသူများအတွက် လိုက်ပါဆောင်ရွက်နိုင်ပါကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)