မန္တလေး ၁၂  စက်တင်ဘာ

 

COVID-19 ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု မြင့်တက်လာမှုကြောင့် ရောဂါကူးစက်မှု ကိုတားဆီးနိုင်ရန်အတွက် မန္တလေးမြို့မှ လူစုလူဝေးဖြစ်စေနိုင်သည့် နေရာများဖြစ်သည့် အဆင့်မြင့်ဈေးချိုတော်တိုက်တန်းနှင့် မန်းမြန်မာပလာဇာတို့ကို စက်တင်ဘာ ၁၃ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိယာယီပိတ်သိမ်းသွားမည်ဟု သိရပြီး စျေးပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်ကြေညာပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ စျေးနှင့် သားသတ်ဌာနမှ ဒုတိယဌာနမှူး ဦးတင်စိုးထံမှ သိရပါသည်။ လက်ရှိတွင် စျေးဆိုင်ခန်းများ ပိတ်သိမ်းမှုများ လုပ်ဆောင်လျက်ရှိသည်။

 

မန္တလေးမြို့ရှိ ရတနာပုံဈေးကို ပုံမှန်တိုင်းဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရတနာပုံဈေး အကျိုးတော်ဆောင်ထံမှ သိရသည်။

 

#MRTV