မိုးနဲ ၁၂ စက်တင်ဘာ
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် လင်းခေးခရိုင် မိုးနဲမြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဌမှ ဦးဆောင်ကာ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က ယာယီဈေးနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ ပိုးသတ်ဆေးဖျန်းပေးခြင်းများဆောက်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့သွားရောက် ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးတိုးလှ ၊မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်း နှင့်တပ်ဖွဲ့ဝင်များက လွိုင်မြေရပ်ကွက်ရှိ ယာယီဈေး ၊မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနရုံးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများသို့ ကိုဗစ်-၁၉ ရောဂါ နှင့် အခြားသောပိုးမွှားများကင်းရှင်းစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ပေးခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဆောင်ပုဒ်မှာ “ရှေးဦးပြုစုအလေ့အကျင့်များ ကပ်ရောဂါအလိုက် ပြင်ဆင်သွား “ ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးတိုးလှက ပြောကြားခဲ့သည်။
မျိုးညွန့်ရွှေ(ပြန်/ဆက်)


