မိုးကောင်း ၁၂ စက်တင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် လူစုလူဝေးများလျှော့ချနိုင် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် စက်တင်ဘာ ၁၃ ရက်မှစတင်ကာ လူစီးရထားတစ်စီးသာ ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း မိုးကောင်းဘူတာရုံပိုင်ကြီး ဦးမျိုးသိန်းထွန်းထံမှ သိရသည်။
မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် ပြေးဆွဲပေးလျက်ရှိသည့် အမှတ် ၅၈ အစုန်နှင့် အမှတ် ၅၇ အဆန် အထူးအမြန်ရထားကို ယနေ့မှစ၍ ပြေးဆွဲမှုယာယီရပ်ဆိုင်းခဲ့ပြီး အမှတ် ၅၆ အစုန်၊ အမှတ် ၅၅ အဆန် အထူးအမြန်ရထားနှင့် ခရီးတိုရထားဖြစ်သည့် RBE ကားရထားတို့ကို မနက်ဖန် စက်တင်ဘာ ၁၃ ရက်မှ စတင်၍ ပြေးဆွဲမှုယာယီရပ်နားထားမည်ဖြစ်ကာ အမှတ် ၄၂ အစုန်၊ အမှတ် ၄၁ အဆန် လူစီးရထားတစ်စီးသာလျှင် ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


