မုံးကိုး  ၁၂  စက်တင်ဘာ

 

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ပတ်သက်၍ လိုက်နာရှောင်ကြဉ်ရမည့် စည်းကမ်းချက်များ ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မုံးကိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစန္ဒာကြည်က အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ပတ်သက်၍ ဝက်မွေးမြူရေးသမားများအနေဖြင့် ကြိုတင်ကာကွယ်ရှောင်ကြဉ် ရမည့် အကြောင်းအရာများ၊ အာဖရိကဝက်အပြင်းဖျားရောဂါ၏ လက္ခဏာများနှင့် အခြားသိကောင်းစရာ များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်ပြီး အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို မုံးကိုးမြို့၊ မြို့မဈေးနှင့် ယာယီကုန်စိမ်းဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်ဦး(ပြန်/ဆက်)