လမိုင်း ၁၂ စက်တင်ဘာ
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလအတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀၀၀၀)ကို လမိုင်းမြို့ မြို့မ(၂) ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား (၇)ဦးအား မြို့မ(၂)အုပ်ချုပ်ရေးမှူး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တင်ဇာစိုး(ပြန်/ဆက်)


