နေပြည်တော် ၁၂ စက်တင်ဘာ
ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာ အိမ်ထောင်စုများအား စားသောက်ကုန် (၅) မျိုးဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၄၀,၀၀ဝိ/-) နှုန်းဖြင့် ထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ CERP အစီအစဉ်အရ စားသောက်ကုန် (၅) မျိုး ဝယ်ယူရန်အတွက် မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် တောင်ပေါ် IDP စခန်းရှိ အိမ်ထောင်စု (၆၄၂) စု လူဦးရေ (၂၉၁၆) ဦး၊ ကျီခေါင်းတောင် ကျေးရွာရှိ အိမ်ထောင်စု (၃၀) လူဦးရေ (၁၁၅) ဦး၊ တောင်ကြီးရင်းကျေးရွာရှိ အိမ်ထောင်စု (၆၁)စု လူဦးရေ (၂၄၃) ဦး၊ ရေရှင်ကျေးရွာရှိ အိမ်ထောင်စု (၇၉) စု လူဦးရေ (၂၅၆) ဦး၊ အငူကျေးရွာရှိ အိမ်ထောင်စု (၃၂) စု လူဦးရေ (၁၀၄) ဦး၊ အလယ်ပိုင်းရပ်ကွက် မြို့နယ်ခန်းမရှိ အိမ်ထောင်စု (၄၃) စု လူဦးရေ (၁၃၄) ဦး၊ ရက်ချောင်းကျေးရွာရှိ အိမ်ထောင်စု (၁၄၁) စု လူဦးရေ (၅၉၁) ဦး၊ သပြေတော ကျေးရွာရှိ အိမ်ထောင်စု (၁၀) စု လူဦးရေ (၂၉) ဦး၊ ပြားသုန်းကျေးရွာရှိ အိမ်ထောင်စု (၄၀) လူဦးရေ (၁၉၃) ဦး၊ ပင်ကပ်တော်မော်ကျေးရွာရှိ အိမ်ထောင်စု (၉၆) စု လူဦးရေ (၃၄၃) ဦး၊ ဝိဇိတာရာမ ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု (၄၂) စု လူဦးရေ (၁၃၈) ဦး၊ ဈေးပိုင်းရပ်ကွက် မူလတန်း ကျောင်းရှိ အိမ်ထောင်စု (၃၀) လူဦးရေ (၁၀၆) ဦး၊ ကမ်းထောင့်ကြီးမြို့ မြို့ဦးဆုတောင်းပြည့် ဓမ္မာရုံရှိ အိမ်ထောင်စု (၂၃၀) လူဦးရေ (၇၇၆) ဦး၊ ငန်းတောင်ကျေးရွာရှိ အိမ်ထောင်စု (၁၅) စု လူဦးရေ (၆၉) ဦး၊ ပေါက်တူးတောင်ကျေးရွာရှိ အိမ်ထောင်စု (၅၁) စု လူဦးရေ (၁၆၆) ဦး၊ စက်ခွေကျေးရွာရှိ အိမ်ထောင်စု (၁၃) စု လူဦးရေ (၄၈) ဦး၊ စုစုပေါင်း IDP စခန်း (၁) ခုနှင့် ယာယီတိုက်ပွဲရှောင်စုရပ် (၁၅) ခုရှိ အိမ်ထောင်စု (၁,၅၅၅) စုတို့အတွက် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် ၆၂,၂၀၀,၀၀ဝိ/- ကို မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စက်တင်ဘာ ၁၀ ရက်တွင် မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ထောက်ပံ့ခဲ့သည်။
ထောက်ပံ့ရန်ကျန်ရှိသည့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် အမ်းမြို့နယ်များရှိ တိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ထောက်ပံ့ကူညီမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


