နေပြည်တော် ၁၂ စက်တင်ဘာ 

 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၁၇၃ ဦး ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၂၅၉၅ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ ရှိသူ ၂၅၉၅ ဦးအနက် သေဆုံးသူ ၁၆ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၆၇၆ ဦးနှင့် စက်တင်ဘာ ၁၁ ရက်မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၁၂ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၃၁ ဦးရှိကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။  

 

သတင်းစဉ်