လွိုင်ကော် ၁၃ စက်တင်ဘာ
မြန်မာနိုင်ငံတွင် (Covid-19)ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမို များပြားလာသဖြင့် (Covid-19)ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကာကွယ် ၊ ထိန်းချုပ်နိုင်ရေးအတွက် လွိုင်ကော်မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ မြို့နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသန်းထွန်းနှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ထားရှိရန်အချက်များအား လိုက်နာပြင်ဆင် ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်အချက်များ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများ ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေး၍ ဆိုင်အတွင်းအပြင် သန့်ရှင်းရေး၊ ပြည်သူများ စားသုံးမည့်အစားအသောက်များ သန့်ရှင်း လတ်ဆတ်ရေးနှင့် ရောဂါပိုးပွားကင်းစင်ရေးကို အထူးဂရုပြုရန်လိုကြောင်း၊ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးမှထုတ်ပSနြ်ထားသောညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုကြောင်းမှာကြားခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


