တွန်းဇံ        ၁၃   စက်တင်ဘာ                     

 

ချင်းပြည်နယ် တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၁၃)ရက် နံနက်(၉)နာရီတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေကြီးအက်ကြောင်းများ ဖြစ်ပေါ်လာပြီး မြေကြီးကျွံကျလာခြင်းကြောင့် နေအိမ် တစ်လုံးအား ဖြိုဖျက်ခြင်းနှင့်ရွှေ့ပြောင်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

 

ချင်းပြည်နယ်၊ တွန်းဇံမြို့၊ ခေါဝုန်/လေးဆန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် မိုး(၂)ရက် ဆက်တိုက် ရွာသွန်းမှုကြောင့် မြေကြီးအက်ကွဲမှုဖြစ်ပေါ်လာပြီး ဦးထန်ခန့်ဟောက်၏ နေအိမ်ကျွံကျမှု ဖြစ်ပေါ် လာခဲ့သည်။

 

အဆိုပါနေအိမ်သည် လူများဆက်လက်နေထိုင်ရန် အန္တရာယ်ရှိလာသည့်အတွက် မိသားဝင်များအား နေအိမ်ရွှေ့ပြောင်းခြင်းနှင့် နေအိမ်အား ဖြိုဖျက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ လုပ်ငန်းများကို တွန်းဇံမြို့ရှိ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့သည်။ အဆိုပါနေအိမ်တွင် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၈)ဦး စုစုပေါင်းမိသားစုဝင်(၈)ဦးနေထိုင်လျက်ရှိပြီး မိသားစုဝင်များကို နီးစပ်ရာ ဆွေမျိုးအိမ်သို့ ပြောင်းရွှေ့ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

ဝေဖြိုး(ဇလပ်မြေ)