ပူတာအို ၁၃  စက်တင်ဘာ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကလေးများအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းများနှင့် အထွေထွေ ဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို ရိုက်ကူးကာ အသိပညာပေး အစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့် လွှင့်တင်ပေးလျက်ရှိရာ စက်တင်ဘာ(၁၂)ရက် နံနက် (၁၀)နာရီက ပုံပြင်ပြောခြင်း အစီအစဉ် လွှင့်တင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရိုက်ကူးမှုအစီအစဉ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရိုက်ကူးမှုအစီအစဉ်တွင် မချန်းဇမီဆန်းက တအော စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် "မိတ်ဆွေငါးဦး" ပုံပြင်ကိုလည်းကောင်း၊ မအေးမြတ်နွယ်က လောင်ဖူးရီနာဂ စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုထားသည့် " နာခံတတ်သောချိုး " ပုံပြင်ကိုလည်းကောင်း၊ မမူမူချာက တအော စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် " ခိုတစ်သိုက် " ပုံပြင်ကိုလည်းကောင်း၊ မနားချယ်ဒွေ့က ခေါင်တူးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် "သူစိမ်းဆိုရင်သတိထား " ပုံပြင်ကို လည်းကောင်း အသီးသီးရိုက်ကူးခဲ့ကြသည်။

 

အဆိုပါ ရိုက်ကူးမှုအစီအစဉ်များကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ယင်းရိုက်ကူးထားသည့် ဗွီဒီယိုကလစ်များကို ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် "ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက် " တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)