ပင်လည်ဘူး ၁၃  စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်တောင်သူများကို မျိုးကွဲပယ်ခြင်းနှင့် မျိုးသန့်စင်ခ ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၁၂ ရက်က မြို့မ မိုးစပါးစိုက်ပျိုးရေး နည်းပညာပေးစင်တာ (KC) နယ်မြေ၊ မန္တံကျေးရွာအုပ်စု၊ မန္တံကျေးရွာရှိ တောင်သူ ဦးအောင်နိုင်ဦး၏ နေအိမ်၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုး၊ မြို့နယ်‌ကျေးလက် ဦးစီးမှူး ဦးသက်ထွန်းဇော်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးနေဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်တောင်သူ ၂၃ ဦးတို့ တက်ရောက်ခဲ့ကြပြီး အဆိုပါ တောင်သူများအား တစ်ဧကလျှင် ငွေကျပ် ၆၅၀၀၀ နှုန်းဖြင့် ၄၈ ဒသမ ၅၀ ဧကအတွက် ငွေကျပ် ၃၁၅၂၅၀၀ ကို ကိုဗစ်ကာလ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Social Distancing စနစ်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် စပါးမျိုးစေ့ထုတ်ကွက် စိုက်တောင်သူ ဦးအောင်နိုငဦး၏ ဆင်းဧရီ(၃) စပါး မျိုးစေ့ထုတ်ကွက်‌အား စပါးမျိုးစေ့ထုတ်ကွက်နှင့် ကိုက်ညီမှုရှိ/မရှိနှင့် စပါးစိုက်ခင်းအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)