ကျောက်ကြီး  ၁၃  စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက COVID - 19 ရောဂါ ကြိုတင်ကာကွယ်ရေး လှုံဆော်ရာတွင်အသုံးပြုရန် Hand Speakerများထုတ်ပေးခဲ့ကြောင်း သိရသည်။

 

COVID - 19 ရောဂါ ကြိုတင်ကာကွယ်ရေးလှုံဆော်ရာတွင်အသုံးပြုရန်အတွက် Hand Speaker များအပြင် ပြည်သူများသို့ ပန်ကြားချက်အသံဖိုင်ပါ Stick များကို မြို့နယ် COVID - 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၄၁) ခု၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား  ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

 

ပြည်သူများသို့ ပန်ကြားချက်အသံဖိုင်ပါ Stick တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားသည့် COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ကျောက်ကြီး မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရေး မြို့နယ်အတွင်းရှိ ပြည်သူများ တိကျစွာ လိုက်နာဆောင်ရွက် ကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း စသည့် ညွှန်ကြားချက်များ ပါရှိကြောင်းသိရပြီး၊ အဆိုပါ ကြေညာချက်များအား ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ကြီးကြပ်၍၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာခွဲများအထိ ထိရောက်စွာ လှည့်လည် လှုံဆောင်ဆောင်ရွက်နိုင်ရန် စီမံပေးရခြင်းဖြစ်ကြောင်း မြို့နယ် COVID - 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ ပြောကြားချက်အရ သိရသည်။

 

ကိုသားကြီး( ကျောက်ကြီး)