နေပြည်တော် ၁၃ စက်တင်ဘာ

 

ကိုဗစ်-၁၉ ကပ်ရောဂါ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်အတွက် ရေဆင်းငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ငါးမွေးတောင်သူများ၏ ကန်များအရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်သန်း၊ ဇေယျာသီရိမြို့နယ် ဦးစီးဌာနမှူး ဒေါ်ခင်မြင့်အေး၊ တပ်ကုန်းမြို့နယ် ဦးစီးဌာနမှူး ဒေါ်နုရီဝင်းနှင့် ရေဆင်းငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစိုးပိုင်တို့မှ ဇေယျာသီရိမြို့နယ်တွင် ငါးမွေးတောင်သူ(၄)ဦး၏ ငါးကန်ဧက (၈ ဒသမ ၄)ဧကအတွက် ငါးသားပေါက်ကောင်ရေ (၁၆၉၆၀)ကောင်နှင့် တပ်ကုန်းမြို့နယ်တွင် ငါးမွေးတောင်သူ(၃)ဦး၏ ငါးကန် ဧက (၁၀ ဒသမ ၈၄)ဧကအတွက် ငါးသားပေါက်ကောင်ရေ (၂၁၆၈၀)ကောင်တို့အား ထောက်ပံ့ဖြန့်ဖြူးပေးခဲ့သည်။

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း ငါးသားပေါက်ထောက်ပံ့ရမည့် ငါးကန် စုစုပေါင်းဧက (၁၂၆ ဒသမ ၁၄) ဧကအတွက် ငါးကောင်ရေ (၂၅၃၀၀၀)ကောင် အားလုံးထောက်ပံ့ ဖြန့်ဖြူးပေးပြီး ဖြစ်ကြောင်း သိရသည်။

 

MDN