(၁၃-၉-၂၀၂၀ ရက်၊ တဲလ်အဗီး)
ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားနေသည့် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် အစ္စရေးနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှု ကန့်သတ်ချက်များ ရှိနေသည့် ကာလအတွင်း နေရပ်ပြန်ရန် အခက်အခဲကြုံတွေ့ နေရသော မြန်မာနိုင်ငံသားများကို နေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် အပြည်ပြည်ဆိုင်ရာမြန်မာ့ လေကြောင်း (Myanmar Airways International –MAI) ၏ လေယာဉ်ခရီးစဉ်သည် အစ္စရေးနိုင်ငံ၊ ဘန်ဂူရီယန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၁၃-၉-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၀၇:၅၀) အချိန်ခန့်တွင် စတင်ပျံသန်း ထွက်ခွာခဲ့ပါသည်။ ထို့နောက် အဆိုပါ ကယ်ဆယ်ရေးလေယာဉ်သည် ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တွင် ဆင်းသက်၍ ဂျော်ဒန် နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား များအား ထပ်မံတင်ဆောင်ကာ ဒေသစံတော်ချိန် (၁၀:၃၅) မိနစ်ခန့်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။
Crd - Ministry of Foreign Affairs Myanmar


