ဆော ၁၄ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့် ဦးဆောင်ကာ မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်စိုးခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများက ရွှေစိုင်မြင်ဘုရားဝင်းအတွင်းနှင့် လမ်းဘေးဝဲယာရှိ ပေါင်းမြက်များ၊ သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့၌ပင် လောင်းရှည်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ပြည့်ဖြိုးအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများက လောင်းရှည်တိုက်နယ်ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)