မန္တလေး  ၁၄  စက်တင်ဘာ

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြသည့် လမ်းသွားလမ်းလာ ပြည်သူများအား စင်တာဂျပန် ဘာသာစကားပြော သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက နှာခေါင်းစည်း (Mask) အခုရေ ၁၀၀၀၀ အခမဲ့ပေးဝေခြင်းကို စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီက အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉ လမ်းနှင့် ၈၆ လမ်းဆုံ မီးပွိုင့်၌ ပြုလုပ်ကြသည်။

 

နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေခြင်းကို ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၈၉ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ စင်တာဂျပန်ဘာသာစကားပြော သင်တန်းကျောင်းမှ ဆရာဦးသိန်းဆွေ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများက စုပေါင်း၍ တတိယအကြိမ်မြောက်အဖြစ် နှာခေါင်းစည်း(Mask) အခုရေ ၁၀၀၀၀ ကို အခမဲ့ပေးဝေကြခြင်းဖြစ်ကြောင်း သိရသည်။

 

ဇော်လင်းဦး(အောင်စံ)