တံတား ၁၄ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံမှုများ မရှိစေရေးအတွက် စက်တင်ဘာ ၉ ရက်နေ့မှစတင်၍ ခေတ္တပိတ်ထားကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် တံတားမြို့ရုံး ပြည်သူ့စာကြည့်တိုက်ကို ပြင်ပမှလာရောက်သည့် လူအဝင်အထွက်များကို ထိန်းချုပ်သည့်အနေဖြင့် ကိုဗစ်ကာလအတွင်း ခေတ္တပိတ်ထားခြင်းဖြစ်ပြီး စာကြည့်တိုက်ပိတ်ထားစဉ်ကာလအတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် တံတားမြို့ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ပုံပြောပြမယ်နားထောင်ကွယ်၊ ကဗျာရွတ်ဖတ်ခြင်း၊ စက္ကူဖြင့် အရုပ်ခေါက်ခြင်း၊ အိမ်တွင်းလက်မှုပညာများပြသခြင်း စသည့်အစီအစဉ်များနှင့် IPRD Tada Facebook Page တွင် ပြည်သူများ သိသင့်သိထိုက်သည့် နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေသော သတင်းများအား ပြည်သူများ သိရှိနိုင်ရေးအတွက် သတင်းထုတ်ပြန်ခြင်းများကို Online မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်နိုင်ဝင်း(တံတား)


