သံတောင်ကြီး ၁၄ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါ ဆယ်စနစ်ဖြင့်  ရောင်းချရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သံတောင်ကြီး မြို့‌ပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဆိုင်ထိုင်ရောင်းချခြင်းအား လူဦးရေကန့်သတ် ရောင်းချခြင်းရှိ/မရှိ၊ ဆိုင်ရှင်များမှ လက်ဆေး ဘေစင်များ၊ လက်သန့်ဆေးရည် သို့မဟုတ် ဆပ်ပြာများ ထားရှိခြင်းရှိ/မရှိနှင့် ပါဆယ်စနစ်ဖြင့် ရောင်းချကြရန်အတွက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ပါက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်  ထံက သိရသည်။

 

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးဟန်ထူးဇန်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်