ကျောက်မဲ ၁၄ စက်တင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ အဖြစ်များဒေသမှ ပြန်လာသည့်ဒေသ(ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်)မှ ပြန်လာသည့် သူများနှင့် ပြည်ပနိုင်ငံများမှ ပြန်လာသည့်သူများကို အသွားအလာကန့်သတ် စောင့်ကြည့်သည့် စင်တာတွင်ထားရှိပြီး အဆိုပါ အသွားအလာကန့်သတ် စောင့်ကြည့်သူများ၏ ဓါတ်ခွဲနမူနာ(အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်)များကို ရယူ၍ ပြည်သူ့ကျန်းမားရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မန္တလေး)သို့ပေးပို့ စစ်ဆေးလျက်ရှိသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာမှ အသွားအလာကန့်သတ် စောင့်ကြည့်ထားသူ စုစုပေါင်း ၄၃ ဦး(ဓါတ်ခွဲအတည်ပြုလူနာ Case 1975 ထိတွေ့ခဲ့သည့် ကျောက်မဲမြို့၊ ပန်းပေါင်းကျေးရွာရှိ “နှင်းတောင်တန်း ၂” စားသောက်ဆိုင်ရှိ ဆိုင်ရှင်နှင့် ဝန်ထမ်း ၁၅ ဦး အပါအဝင် )တို့၏ ဓါတ်ခွဲနမူနာ(နှာခေါင်းတို့ဖတ်နှင့်အာခေါင်တို့ဖတ်)တို့ကို စက်တင်ဘာလ ၁၂ နေ့တွင် ပြည်သူ့ကျန်းမားရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန(မန္တလေး)သို့ပေးပို့ စစ်ဆေးခဲ့ရာ ၎င်းတို့အားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း (Negative) သိရသည်။
ကျောက်မဲမြို့နယ်အတွင်းတွင် ယနေ့အထိ အသွားအလာကန်သတ်စောင့်ကြည့်ထားရှိသူ စုစုပေါင်း ၅၁ ဦးကျန်ရှိနေပြီး ၎င်းတို့အထဲမှ ၁၄ ဦးကို ဓါတ်ခွဲနမူနာ(အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်) ရယူစစ်ဆေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


