နေပြည်တော်  ၁၄   စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်း စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းမှုကြောင့် ပင်လယ်ဘူး-ကောလင်းကားလမ်း ပေပင်စုကျေးရွာအနီးရှိ ခံဇားချောင်းကူး တံတား၏ ချဉ်းကပ်မြေသားလမ်းမှာ အောက်သို့  ၁ ပေခန့် နိမ့်ကျပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါ နေရာသို့ လမ်းဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့မှ သွားရောက်ပြုပြင်လျက်ရှိကြောင်းနှင့် ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)