နေပြည်တော် ၁၄ စက်တင်ဘာ
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့် ခေါဝုန်လေးဆန်ရပ်ကွက်နေ ဦးထန်ခန့်ဟောက်၏ နေအိမ်ရှေ့၌ မြေသားကွဲအက်ကာ မြေကျွံမှုဖြစ်ပွားခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


