ရန်ကုန် ၁၄ စက်တင်ဘာ
ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၂ ရက် ညက ထုတ်ပြန်ချက်အရ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးတွင် နေမကောင်း၍ ဆေးကုသခံယူနေသော ကြည့်မြင်တိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။
မြို့နယ်စည်ပင်ဥက္ကဋ္ဌထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရမှုကြောင့် ၎င်းနှင့်ထိတွေ့မှုများပြားခဲ့သော မြို့နယ်စည်ပင်ကော်မတီ၀င် (၂)နှင့် မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး (EO) အပါအဝင် ရုံးအဖွဲ့ဝင် ၁၅ ဦးတို့ Quarantine Center တစ်ခုခုတွင် ဝင်ရောက်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်ကော်မတီ (၂) က ပြောသည်။
၄င်းက “ကျွန်တော်တို့ စသိတဲ့ညကတည်းက ရုံးထဲမှာပဲစုနေကြတယ်။ ဘယ်မှမထွက်ကြတော့ဘူး။ Quarantine ဝင်ဖို့စောင့်နေကြတာပါ” ဟု စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။
ထို့အပြင် မြို့နယ်စည်ပင်ကော်မတီဝင် (၁) မှာလည်း စက်တင်ဘာ ၁၀ ရက်ကတည်းက ၄င်းနေထိုင်သည့် တိုက်ခန်း အပေါ်ထပ် တစ်ထပ်မှ မိသားစုဝင်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ တစ်တိုက်လုံးကို Stay at Home ပြုလုပ်ထားခြင်းကြောင့် လုပ်ငန်းများရပ်ထားရကြောင်း သိသည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)


