နေပြည်တော် ၁၄ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက CERP အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ သိရှိနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အစည်းအဝေးကို မိမိတို့ဦးစီးဌာနအနေဖြင့် CERP အစီအဉ်အရ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဦးစီဌာနရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာငွေ သုံးစွဲမှု၊ လာမည့် ၂၀၂၀-၂၀၂၀၁ ခု ဘဏ္ဍာရေးနှစ် တင်ဒါလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား သိရှိလိုခြင်းကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝန်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက် ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သတိရှိရှိလုပ်ဆောင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြရန်၊ အခက်အခဲများကြားမှ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းတစ်ဦးချင်းစီတိုင်းအား မိမိအနေဖြင့် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက CERP အစီအဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဦးစီဌာနရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ၊ ဘဏ္ဍာငွေသုံးစွဲမှု၊ လာမည့် ၂၀၂၀-၂၀၂၀၁ ခု ဘဏ္ဍာရေးနှစ် တင်ဒါလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက် အားနည်းချက်များကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ၏ တင်ပြချက်များ အပေါ် ကဏ္ဍအလိုက်လိုအပ်ချက်များ၊ ဘဏ္ဍာငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍ လမ်းညွှန်ချက်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားသည်။
အဆိုပါ Video Conferencing စနစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အသီးသီးမှ ဦးစီးမှူးများ၊ ဘဏ္ဍာရေးအဖွဲ့များ၊ M&E အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


