ကော့သောင်း  ၁၅  စက်တင်ဘာ

 

ပြည်တွင်းကူးစက်မှုများ မြှင့်တက်လာနေသည့် COVID-19 ရောဂါ ကော့သောင်းမြို့တွင်ကူးစက် ပြန့်ပွားမှု မရှိစေရန် ယနေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ဌာနဆိုင်ရာများ၊ NGOအဖွဲ့အစည်းများပူးပေါင်းကာ လမ်းထွက်သွားလာ နေကြသူများအား ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ကြရေး အသိပညာပေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက် လျှက်ရှိရာ မြို့နေပြည်သူများအနေဖြင့် မဖြစ်မနေလမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရေး အသိပညာပေးခြင်းအပြင် ပါးစပ်နှာခေါင်းစည်းမတပ်ဆင်သူများကို နှာခေါင်းစည်းများ ဝေငှတပ်ဆင်ပေးခြင်း၊ လက်များကိုမကြာခဏဆေးကြောကြရန်၊ ကျန်းမာရေး အသိ သတိရှိကြရန် ၊ ရောဂါထိန်းချုပ်မှုလုပ်ငန်းများတွင် ပြည်သူများဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံ အသိပေးခြင်း လုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ ဆောင်ရွက်ကြခြင်းဖြစ်သည်။

 

ယနေ့ ရောဂါထိန်းချုပ်ရေး လှုပ်ရှားမှုအဖြစ် လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများကို ပါးစပ်နှာခေါင်းစည်း (၁၂၀ဝ)ကျော်ခန့်အား ဝေငှပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)