မိုင်းရှူး ၁၅  စက်တင်ဘာ

 

နိုင်ငံတော်အစိုးရက မသန်စွမ်းသူများ၏ စားဝတ်နေရေး အဆင်ပြေစေနိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ  ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၂၀၈)ဦးအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

မိုင်းရှူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၂၀၈)ဦးအား တစ်ဦးလျင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ပေးအပ်ခဲ့ရာ၊ အဆိုပါ ထောက်ပံ့မှုတွင် ကိုယ်အင်္ဂါမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း၊ အကြားအာရုံ မသန်စွမ်းနှင့် အမြင်အာရုံ မသန်စွမ်းသူများအားလုံး ပါဝင်ကြောင်းသိရပြီး၊ ယခုထောက်ပံ့မှုစာရင်းတွင် ပါဝင်ခြင်းမရှိသည့် နောက်တိုးမသန်စွမ်းသူ (၂၁၇)ဦး တို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

 

 

မြို့နယ်(ပြန်ဆက်)