နောင်ချို ၁၅ စက်တင်ဘာ  

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေး လိုင်စင်များအား ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုး စိစစ်ရောင်းချခြင်းကို  ယမန်နေ့  နံနက်ပိုင်းက နောင်ချိုမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်က အရပ်ရပ်အခွင့်အရေး လိုင်စင်များ သက်တမ်းတိုး စိစစ်ရောင်းချရေးဆိုင်ရာ စည်းကမ်းချက်များနှင့် လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များအား ဆွေးနွေးရှင်းလင်းခဲ့ကာ တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် အမှုဆောင် အရှာရှိမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

၎င်းနောက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစိစစ်ရောင်းချရေး ကော်မတီမှ လိုင်စင်အလိုက် လျှောက်ထားသူ တစ်ဦးချင်းအား သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသော လုပ်ငန်း (၁၅) မျိုးအား သက်တမ်းတိုး စိစစ်ရောင်းချေပေးခဲ့ကြောင်း သိရသည်။

ထွေးငယ်၊နောင်ချို(ပြန်/ဆက်)