ရေတာရှည် ၁၅ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးဦးစီး ဌာနမှ Covid-19 ကာလ စီးပွားရေးကုသမှုအစီ အစဉ် CERP အရ ဒုတိယအကြိမ်ထောက်ပံ့ငွေပေး အပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြတ် မင်းထွေးက အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော်က ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပါတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်မှ ဒုတိယအကြိမ် ထောက်ပံ့ငွေကျပ်သိန်း ၂၆၀ အား မျိုးစေ့ထုတ်တောင်သူများကို ပေးအပ်ခဲ့သည်။
ကိုလွင်(ဆွာ)


