ဝေါလေမြိုင် စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ဂေါ်လီချောင်းတစ်လျှောက် ချောင်းကမ်းပါးနေရာ တချို့၌ ကမ်းပါးပြိုကျမှုများ ရှိနေသည့်အတွက် ချောင်းကမ်းပါးများ ဆက်လက်ပြိုကျမှု မရှိစေရေးအတွက် ဗာဒီဘာမြက်များ စိုက်ပျိုးခြင်းနှင့် ချောင်းကမ်းထိန်းနံရံ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဝေါလေမြိုင်မြို့ အုပ်ချုပ်ရေးမှုး ဦးကောင်းရီ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက ဝေါလေမြိုင်မြို့ အမှတ်(၁)ရပ်ကွက် အတွင်းရှိ ဂေါ်လီချောင်း ပေ ၄၀ ခန့်ကမ်းပြိုနေသည့် နေရာတွင် ဆက်လက်ပြိုကျမှု မရှိစေရေးအတွက် ဗာဒီဘာမြက်များ စိုက်ပျိုးခြင်းနှင့် ချောင်းကမ်းထိန်းနံရံ ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)


