မုဒုံ ၁၅ စက်တင်ဘာ     

ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျုံဖိုက်ကျေးရွာ၊ ဝက်တဲ-ညောင်ကုန်းကျေးရွာနှင့် တော်ကူး-တံခွန်တိုင် ကျေးရွာများ၌ အသိပေးနှိုးဆော်လျက်ရှိသည်။

 

ထို့သို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ပူးပေါင်း၍  လူစည်ကားရာနေရာများဖြစ်သော စျေးနှင့်လမ်းဆုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်‌/ရှောင်ရန်အချက်များကို လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့သည်။

 

ဆက်လက်၍ ကျေးရွာအတွင်းနေထိုင်သော ပြည်သူများထံ နှာခေါင်းစည်းများနှင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် Mask တပ်ဆင်သွားလာကြရန်၊ မကြာခဏလက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ်အကွာအဝေး အတိုင်း နေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)