လှည်းကူး ၁၅ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် စိုက်ပျိုးရေးသင်တန်းကျောင်းသို့ Covid-19 ရောဂါပိုးတွေ့ လူနာနှင့် ထိတွေ့မှုရှိသူများကို အနီးကပ်စောင့်ကြပ် ကြည့်ရှုမှုပြုလုပ်နိုင်ရန် ယနေ့နံနက်(၈)နာရီခွဲက Quarantine Center အဖြစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးရေးသင်တန်းကျောင်း၌ လှည်းကူးမြို့နယ်အတွင်းရှိ Covid-19 ရောဂါပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိသူများကို အနီးကပ်စောင့်ကြပ် ကြည့်ရှုမှုပြုလုပ်သွားနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ မြို့နယ် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များနှင့် လှည်းကူးမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ အဆိုပါကျောင်းရှိ သင်တန်းသား အိပ်ဆောင်တို့တွင် တစ်ခန်းလျှင် (၂)ယောက်စီဖြင့် (၅၀)ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


