သံတောင်ကြီး  ၁၅  စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပျားစခန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်ဦးတွေ့ရှိလာသည့်အတွက် ဒေသခံပြည်သူများ အသိသတိရှိစွာ နေထိုင်သွားလာ စေရန်နှင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နေ့လည်ပိုင်းကမြို့ နယ်အုပ် ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် မြို့နယ် ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီတို့က အသိပညာပေးလုပ်ငန်းများ ကိုပျားစခန်းကျေးရွာ ဘုရားကျောင်းခန်းမတွင်ပြလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ကိုဗစ်-၁၉ ရောဂါအဖြစ်များသည့်နေရာမှ သံတောင်ကြီး မြို့နယ်အတွင်း ပြန်လာသည့် ဒေသခံပြည်သူများအနေဖြင့်  Quarantine   Centre   များတွင်ထားရှိရန်၊ မိမိအရပ်ဒေသမှ ပြန်လာသူများက လည်းရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ သတင်းပို့ရန်၊ ယခု ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၏မိသားစုဝင်များနှင့်ထိတွေ့ သူများအား Facility  Quarantine Centre တွင် ထားရှိကြောင်း  ၊ပျားစခန်းကျေးရွာ   တွင်ထားရှိသည့်  Facility Quarantine Centre များကိုလည်းကျန်းမာရေးနှင့်အားကားဝန်ကြီးဌာန၏လမ်းညွှန်ချက် နှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိရန်အတွက် ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် သံတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေး ကော်မတီတို့က  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပျားစခန်းကျေးရွာတွင် Quarantine Centre ဝင်သူ(၂၇)ဦးရှိပြီး ၎င်းတို့၏အာခေါင် တို့ပတ်၊ နှာခေါင်း တို့ပတ်တို့ကို  အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)သို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်