ဆိပ်ဖြူ  ၁၅  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စက်တင်ဘာလ (၁၅) ၇က် နံနက် ( ၄ )နာရီ အချိန်ခန့်တွင် နယ်မြေခံရဲတပ်ဖွဲ့မှ လှည့်ကင်းဆောင်ရွက်စဉ် ရွာသစ်ကြီးကျေးရွာအနီး၌ ရေစုပ်စက် ခိုးယူလာသည့် လူနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရှိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့ နယ်ထိန်းရဲအရာရှိ ဒုတိယရဲအုပ်အောင်သူနှင့် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ လက်ဆည်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ၊ရွာသစ်ကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းလွင်နှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၄)နာရီခန့်က ဆိပ်ဖြူ -ပေါက် သွားကားလမ်း ရွာသစ်ကြီး ကျေးရွာအနီးတွင်  ခိုင်မျိုးထွန်း (၃၁)နှစ် နှင့် အောင်သူ(၃၂)နှစ် ပခုက္ကူမြို့မြို့နယ် ထန်းခြောက်ပင်ကျေးရွာနေသူနှစ်ဦး ၏ ဆိုင်ကယ်အား ရပ်တန့်စေပြီး စစ်ဆေးရာ ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်နှစ်စီးပေါ်၌ ရေစုပ်စက် အင်ဂျင် (၂၂)ကောင်အားရှိသော အင်ဂျင်နှင့် ဆက်စပ်ပစ္စည်များကို တင်ဆောင်လာသည်ကိုတွေရှိခဲ့ရပြီး ဆိုင်ကယ်မှ ၎င်းတို့နှစ်ဦး ပိုင်ဆိုင်သော ဆိုင်ကယ်များဖြစ်ကြောင်း ရေစုပ်စက်နှင့် ဆက်စပ် ပစ္စည်းများနှင့် ပတ်သက်၍ ပိုင်ဆိုင်မှုတစ်စုံတစ်ရာပြောဆိုနိုင်ခြင်းမရှိဘဲ ခိုးယူလာသည့် ပစ္စည်းများ ဖြစ်ကြောင်း စစ်ဆေး ရမိခဲ့သဖြင့် ဆိပ်ဖြူမြို့မရဲစခန်းတွင်  အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ကိုဇွဲ(အညာမြေ)