မိုးကုတ် ၁၅ စက်တက်ဘာ
မိုးကုတ်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့် ရေနီချောင်း ရေတိုက်စားမှုကြောင့် စည်ပင်သာ ယာရပ်နေ ဦးကျော်ဆန်း၏ နေအိမ်အရှေ့ပိုင်း အုတ်တံတိုင်းပြိုကျခြင်းနှင့် ခြံ၀န်းအတွင်း ကွဲအက်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
အဆိုပါပျက်စီးမှုများအား လယ်ဦးနယ်မြေမီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးနန္ဒထွန်းနိုင် ဦးဆောင် သည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းတင့် နှင့်အဖွဲ့များ အရန် မီးသတ်တပ်ဖွဲ့ဒုတပ်ရင်းမှူး ဦးသာဌေးနှင့်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့တို့ ပါ၀င်သည့် ပူးပေါင်း အဖွဲ့များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထပ်မံပြိုကျခြင်းမရှိစေရေး အတွက် ပျက်စီးသွားသော ရေထိန်းနံရံကမ်းပါးအား ကတုတ်ရိုက်ခြင်းများ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)


