(၁၅-၉-၂၀၂၀ ရက်၊ ဆိုးလ်)
COVID-19 ကူးစက်ရောဂါကာလအတွင်း၌ နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ သို့ ပြန်လည် သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ၁၅-၉-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် (၂၂) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးနိုင်ရေး စီစဉ်ပေး ခဲ့ပါသည်။
အဆိုပါလေယာဉ်သည် ၁၅-၉-၂၀၂၀ ရက်နေ့တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၄၅ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ဘယ်လ်ဂျီယံမှ (၁) ဦး၊ ဘရာဇီးလ်မှ (၄) ဦး၊ အင်ဒိုနီးရှားမှ (၄) ဦး၊ အစ္စရေးမှ (၁) ဦး၊ အီတလီမှ (၄) ဦး၊ မွန်ဂိုလီးယားမှ (၃) ဦး၊ နော်ဝေမှ (၁) ဦး၊ တောင်ကိုရီးယား မှ (၇၁) ဦး၊ ဗြိတိန်မှ (၄) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၀) ဦး၊ ဗီယက်နမ်မှ (၄) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၀၇) ဦးတို့မှ စီးနင်းလိုက်ပါ ခဲ့ကြပါသည်။ လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီး ဦးဆောင်၍ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Crd. Ministry of Foreign Affairs Myanmar


