ပုလဲ ၁၅ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို စစ်ဆေးရေးဂိတ်သုံးခုထားရှိပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုလဲမြို့ဝင်ဂိတ်တွင် စစ်ဆေးရေးတစ်ခု၊ မြို့မရဲစခန်းရှေ့တွင် စစ်ဆေးရေးတစ်ခု၊ ဂန့်ဂေါနှင့် ကလေးမှဝင်လာမည့် ကားများကို စစ်ဆေးရန်ထားရှိသည့် ဂိတ်များဖြစ်ပါကြောင်း၊ အဆိုပါဂိတ်များမှ ခရီးသည်များအား နှာခေါင်းစည်းများ တပ်ဆင်မှု ရှိ၊ မရှိ စစ်ဆေးခြင်း၊  တပ်ဆင်မှုမရှိပါက နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်း၊ အပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင်ယူခြင်း၊ လက်ဆေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

စစ်ဆေးရေးဂိတ်သုံးခုတွင် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။

မွှေးကြူဇင်