မန္တလေး ၁၅ စက်တင်ဘာ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ရှိ မစိုးရိမ်တိုက်သစ် နာယက စာချစာသင်သံဃာတော်တို့၏ (ရေ၊ မီး၊ ဆွမ်း၊ ဆေး) ဝေယျာဝစ္စအတွက် အလှူတော်ငွေ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အလှူရှင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သီရိပျံချီ ဦးသိန်းဆွေ + ဇနီး ဒေါ်မြသိင်္ဂီနှင့် သားသမီးမြေးများဖြစ်ကြသော ကိုဘုန်းပိုင်ဦး + ဇနီး ဒေါက်တာစုစုလှိုင်၊ မြေး မောင်ဟိန်းစစ်ညိမ်း၊ မဝင့်မြတ်သွယ်၊ မဝင့်မြတ်သင်း၊ ဗိုလ်မှူးမြတ်သူ + သမီး မဖြူသန့်ပိုင်၊ မြေး မောင်သီဟသန့်၊ မောင်ဘုန်းပြည့်ပိုင် မိသားစုကိုယ်စား လ.ဝ.က မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ယဉ်ဦး + ဇနီးဒေါ်ချိုချိုဦးတို့က ပြည်ထောင်စုဝန်ကြီး မိသားစုကောင်းမှူပြုသော နာယက စာချစာသင်သံဃာတော်တို့၏ ရေ၊ မီး၊ ဆွမ်း၊ ဆေး ဝေယျာဝစ္စအတွက် အလှူတော်ငွေ ကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းရာ မဟာနာယကဆရာတော်ကိုယ်စား ဆရာတော် အရှင်သောဘိတာဘိဝံသမှ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


