လိုင်လင်းပီ ၁၆ စက်တင်ဘာ
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ အပြင်ထွက်သူများအား ယနေ့မှစ၍ ဒဏ်ငွေရိုက်သည့်စနစ်ဖြင့် အရေးယူဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယမန်နေ့က အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩလျက်ရှိသည်။
လိုင်လင်းပီမြို့တွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်သည့် တေးသီချင်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များနှင့် အများပြည်သူများသို့ ပန်ကြားချက်များကို သက်ဆိုင်ရာမှ အသံချဲ့စက်ဖြင့် အစဉ်မပြတ် လှည့်လည်နှိုးဆော်ပေးလျက်ရှိပြီး နှာခေါင်းစည်း(Mask)တပ်ဆင်မှုမရှိဘဲ အပြင်ထွက်သူများအား စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ကျပ်(၅၀ဝ၀)ဖြင့် ဒဏ်ရိုက် အရေးယူဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ယာကမ် (ပြန်/ဆက်)


