မန္တလေး ၁၆ စက်တင်ဘာ
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ ဒေါနဘွား အဝေးပြေးယာဉ် ရပ်နားစခန်းတွင် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီမှ စတင်၍ ကုန်တင်ယာဉ်များအား ဖြတ်သန်းသွားလာခွင့် လက်မှတ်များ စိစစ်ထုတ်ပေးခြင်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေါနဘွားကားကွင်း တာဝန်ခံတို့က ကုန်တင်ယာဉ်များအား ဖြတ်သန်းသွားလာခွင့် လက်မှတ်များ စိစစ်ထုတ် ပေးခြင်း၊ ယာဉ်ပေါ်လိုက်ပါမည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ကိုယ်အပူချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)


