စေတုတ္တရာ ၁၆ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား(CERP)အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းများဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက ဘူးကျေးရွာအုပ်စုရှိ ဧရာမင်းစပါး မျိုးစေ့ထုတ်စိုက်ခင်းဧက(၄၀)တွင် မျိုးကွဲနုတ်ပယ်ခြင်းနှင့် မြေဩဇာကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက မျိုးစေ့ထုတ် စိုက်ခင်း တောင်သူများအား မျိုးကွဲနုတ်ပယ်သည့်နည်းစနစ်များ၊ အပင်ဖြစ်ထွန်းမှုအခြေအနေ၊ ပိုးမွှား ကျရောက်မှု ရှိ/မရှိ ကြည့်ရှု့စစ်ဆေးသည့်နည်းလမ်းများကို  ရှင်းလင်းပြောကြားကာ မျိုးစေ့ထုတ်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်းများနှင့် မြေဩဇာကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ  မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ခြင်းဖြင့် တောင်သူများအနေဖြင့် မျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ခြင်း၊ ထွက်ရှိလာသည့် ဆန်အရည်အသွေးကောင်းမွန်ခြင်း၊ ဈေးကောင်းရရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး စေတုတ္တရာမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀)ရှိကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)