ကွန်ဟိန်း ၁၆ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းအား ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းတွင် လမ်းသွားလမ်းလာပြည်သူများ Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Mask များ ဖြန့်ဝေပေးခြင်း၊ မြို့နယ်အတွင်း ဝင်ရောက်လာသည့် ယာဉ်များအား သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးထောက်ခံစာ၊နေထိုင်ရာ မြို့နယ်ထောက်ခံစာ ပါ/မပါ စစ်ဆေးခြင်း၊ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားနေသည့် နေရာဒေသများမှ ပြန်လည်ဝင်ရောက်လာသူများ ရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


