ဘုတ်ပြင်း ၁၆ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့တွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေအပ်ခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ပေးအပ်ခဲ့သည်။

 

နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း စာရင်းကောက်ယူရရှိ သည့် မသန်စွမ်းသူ(၂၉၇)ဦးအား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဘုတ်ပြင်းမြို့နယ်တွင် ယခင်နှစ်က မသန်စွမ်းသူ(၅၂)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မသန်စွမ်းသူတစ်ဦးကို တစ်ကြိမ်သာ ခွင့်ပြုထောက်ပံ့လျက်ရှိကြောင်း ကော့သောင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။

 

အဆိုပါထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာများရှိ မသန်စွမ်းသူများ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ဘုတ်ပြင်း(ပြန်/ဆက်)