ဟားခါး ၁၆ စက်တင်ဘာ
ဟားခါးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ဟားခါးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရှလွယ်ဆောင်၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဉီးမြင့်ဉီးက အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းတွင် မဲစာရင်းပုံစံများအသုံးပြုခြင်း၊ ကြိုတင် ဆန္ဒမဲပေးခြင်း (မသန်စွမ်းများအပါအဝင်) ၊မဲရုံမှူး၊ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ရှောင်ရန်၊ ဆောင်ရန် အချက်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း(ပို့/ပြ)နှင့်ရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲနှင့် ဆိုင်သောအခြေခံ ဗဟုသုတများအကြောင်းဆွေးနွေးခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာ ပေးခြင်း၊ ရွေးကောက်ပွဲဉပဒေ၊ နည်းဉပဒေများ၊ လုပ်ငန်းလမ်းညွှန်နှင့် ရပ်/ကျေးကော်ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲစာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများနှင့်လွှတ်တော်ကိုယ်စားလှယ် လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေး၏ အခန်းကဏ္ဍ များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဌနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်များက ဆွေးနွေးပို့ချ သွားမည်ဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့် ၊ ညွှန်ကြားချက်များနှင့်အညီအဆိုပါသင်တန်းကို ၂ ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


