ကျောင်းကုန်း  ၁၆  စက်တင်ဘာ

 

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်၌ ယနေ့နံနက်ပိုင်း သတင်းအရ COVID-19 ပိုးတွေ့ရှိသူ(၉)ဦး ဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။

 

ယခင် ကွမ်းခြံကုန်းကျေးရွာမှ ပိုးတွေ့ရှိသူနှင့် ဆက်စပ်သော သူ့မိသားစုဝင်(၅)ဦး၊ တပည့်(၂)ဦး အပါအဝင် ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်ထမ်း(၂)ဦး၊ စုစုပေါင်း(၉)ဦး တွေ့ရှိခဲ့တာ ဖြစ်ကြောင်း သိရသည်။

 

ယခုလက်ရှိ အခြေအနေအရ မြို့နယ်ပြည်သူ့ဆေးရုံအနေဖြင့် ဆရာဝန်များ အပါအဝင် သူနာပြုများ၊ အထွေထွေလုပ်သားများအားလုံး ‌ဆေးရုံဝန်းထဲတွင်သာ(၇)ရက်နေထိုင်ကြမည်ဖြစ်ကြောင်း၊ အရေးကြီး လူနာများသာ လက်ခံကြည့်ရှုပေးမည်ဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာနှင့်အနီးကပ်နေသူ(၄)ဦးအား ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သီးသန့်နေရာထားရှိထားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

 

ကျောင်းကုန်းမြို့နယ်တွင် ပိုးတွေ့လူနာယခင်(၂)ဦးနှင့် ယခု(၉)ဦး၊ စုစုပေါင်း (၁၁)ဦး ဖြစ်သွားပြီ ဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)