နေပြည်တော် ၁၆ စက်တင်ဘာ

 

ပြည်ကြီးတံခွန်မြို့

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ သာယာဝတီလမ်း၌ အောင်ကိုမြတ် (၂၅)နှစ်ပါ နှစ်ဦးအား ညမထွက်ရဒေသန္တရအမိန့် ဖောက်ဖျက်လျက် သွားလာနေသည်ကို တွေ့ရှိရသဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

လွိုင်ကော်မြို့

ကယားပြည်နယ်၊ လွိုင်ကော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက် ၃ နာရီ မိနစ် ၅၀ က နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်လမ်း၌ ရဲရင့်(၂၀)နှစ်ပါ သုံးဦးအား ညမထွက်ရဒေသန္တရအမိန့် ဖောက်ဖျက်လျက် သွားလာနေသည်ကိုတွေ့ရှိရသဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟင်္သာတမြို့

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ဟင်္သာတမြို့၊ ဥယျာဉ်တောင်ရပ်ကွက်လမ်း၌ ဇင်မျိုးနိုင်(၂၈)နှစ်ပါ နှစ်ဦးအား ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်လျက် သွားလာနေသည်ကိုတွေ့ရှိရသဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြဝတီမြို့

ကရင်ပြည်နယ်၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မြဝတီမြို့၊ (၄)ရပ်ကွက်၊ မြေနီကုန်းလမ်း၌ ဇေယျာအောင်(၂၅)နှစ်ပါ ရှစ်ဦးအားလည်းကောင်း၊ (၃)ရပ်ကွက် ဗန္ဓုလလမ်း၌ ထွန်းလင်းဦး(၃၅)နှစ်ပါ ကိုးဦးအားလည်းကောင်း ညမထွက်ရဒေသန္တရအမိန့် ဖောက်ဖျက်လျက် အကြောင်းမဲ့ သွားလာနေသည်ကို တွေ့ရှိရသဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား