မက်မန်း ၁၆ စက်တင်ဘာ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့၌ COVID-19 ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်အား ဒေသခံပြည်သူများ သိရှိလိုက်နာနိုင်စေရန် ပုံမှန်ခင်းကျင်းပြပေးလျက်ရှိပြီး ဒေသခံပြည်သူများက စိတ်ဝင်းတစား လာရောက်ကြည့်ရှုကြသည်။


ထိုသို့ ခင်းကျင်းပြသထားမှုအနေဖြင့် COVID-19 ရောဂါ လက္ခဏာများ၊ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါကာကွယ်သည့် နည်းလမ်းများ၊ နှာချေ ချောင်းဆိုးသည့်အခါ လိုက်နာရမည့် ကျင့်ဝတ်များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများနှင့် လိုက်နာရှောင်ကြဉ်ရမည့် အချက်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။


မက်မန်း(ပြန်/ဆက်)