ကျောက်ဆည် ၁၇ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၇) အုပ်စုမှ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မသန်စွမ်းသူ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မသန်စွမ်းသူ(၁၂၇၇)ဦးအတွက် ငွေကျပ် ၃၈၃၁၀၀၀၀ ကို မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်လွင်၊ မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြထွေး နှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ကိုယ်အင်္ဂါမသန်စွမ်းသူ အမျိုးသား(၃၈၁)ဦး၊ အမျိုးသမီး(၃၃၅)ဦး၊ ဉာဏ်ရည် မသန်စွမ်းသူ အမျိုးသား(၁၀၉)ဦး၊ အမျိုးသမီး(၉၂)ဦး၊ မျက်စိမမြင်သူ အမျိုးသား(၆၁)ဦး၊ အမျိုးသမီး(၈၅)ဦး၊ နားမကြားသူ အမျိုးသား(၉၆)ဦး၊ အမျိုးသမီး(၁၁၈)ဦး၊ စုစုပေါင်း မသန်စွမ်းသူ(၁၂၇၇)ဦးရှိကြောင်း သိရှိရသည်။

 

အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေမှ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ အာဟာရပြည့်ဝစွာ စားသောက် နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့်  ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သက်ကြီးရွယ်အို ဘိုး/ဖွားများ  အာဟာရ ပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြထွေးက ပြောပြ၍သိရသည်။

 

သက်မောင်(ခရိုင်ပြန်/ဆက်)

 

mdn