သံတောင်ကြီး ၁၇ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် MCCT အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက်ကလေးငယ်များအား  တတိယအကြိမ်နှင့် စတုတ္ထအကြိမ်  ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများဝယ်ယူနိုင်ရန် ၊  အဟာရပြည့်ဝသော အစားအစာများဝယ်ယူနိုင်ရန်နှင့် ကျန်းမာသန်စွမ်းသူများဖြစ်လာစေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

 

သံတောင်ကြီးမြို့တွင် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၂)အုပ်စုအတွက် ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးများအတွက်  MCCT  အရ တတိယအကြိမ် အကျိုး ခံစားခွင့်ရှိသူ ၉၉၂ ဦးအတွက်ငွေကျပ် ၄၄၅၀၅၀၀၀ နှင့် စတုတ္ထအကြိမ် အကျိုးခံစားခွင့်ရှိ သူ ၁၀၄၂  ဦးအတွက်ငွေကျပ် ၄၆၈၉၀၀၀၀ တို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်